အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ခွင့်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ခွင့်ပြု

 


နေပြည်တော်၊ အောက်တိုဘာ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေညာချက်အမှတ် ( ၁၃၄ / ၂၀၂၅ ) ယနေ့  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ ၁၅ ရက်နေ့တွင် ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ထားရာ အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ( ၂၈ - ၁၀ - ၂၀၂၅ ရက်နေ့ နံနက် ၀၆၀၀ နာရီမှ ၂၆ - ၁၂ - ၂၀၂၅ ရက်နေ့ ည ၁၂၀၀ နာရီ အထိ ) ခွင့်ပြုထားသည်။

လွှတ်တော် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအလိုက် ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားပြီး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်အတည်ပြု ကြေညာထားသည့် နိုင်ငံရေးပါတီကိုယ်စားပြု မဲအများဆုံးရသူအနိုင်ယူစနစ် ကိုယ်စားလှယ်လောင်းများ၊ အချိုးကျ ကိုယ်စားပြုစနစ် ကိုယ်စားလှယ်လောင်းများ သို့မဟုတ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှုရှိစေရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၀-က နှင့် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ အခန်း (၁၀) တို့တွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် များကို ထည့်သွင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများသည် လွတ်လပ်၍တရားမျှတပြီး အေးချမ်းတည်ငြိမ်သည့် ရွေးကောက်ပွဲများဖြစ်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရန် ဖြစ်ကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက် နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ( ၂၈ - ၁၀ - ၂၀၂၅ ရက်နေ့ နံနက် ၀၆၀၀ နာရီမှ ၂၆ - ၁၂ - ၂၀၂၅ ရက်နေ့ ည ၁၂၀၀ နာရီ အထိ ) ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)