ပေါင်၊ အောက်တိုဘာ ၃၁
မွန်ပြည်နယ် ၊ ပေါင်မြို့နယ်၌ (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆေးကုသမှု ခံယူနေရသော လူနာများအား အလှူငွေပေးအပ်ခြင်းကို ကုတင် (၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ပေါင်မြို့နယ် ကုတင် (၅၀) ဆံ့ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသော လူနာများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းအောင် ဦးဆောင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ချီးမြှင့်ငွေ(၁)သိန်းပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့သည်။ ဆေးရုံတွင် အထွေထွေအသုံးစရိတ်အဖြစ် သုံးစွဲနိုင်ရန် လှူဒါန်းငွေ(၄)သိန်းကျပ်ကို မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဆေးရုံသို့ ပေးအပ်ခဲ့ရာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမင်းညွန့်ဝင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင် းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost





No comments:
Post a Comment