တောင်ဒဂုံ၊ အောက်တိုဘာ ၃၁
ဗီယမ်နမ်နိုင်ငံမှ ပင့်ဆောင်လာသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ နိကာယ်ငါးရပ်ပိဋကသုံးပုံစာသင်တိုက်ကြီးသို့ (၃၁-၁၀-၂၀၂၅)ရက်နေ့ (၁၁း၁၅)အချိန်တွင် ပင့်ဆောင်ပူဇော်ခဲ့ကြောင်း သိရသည်။
ဗီယမ်နမ်နိုင်ငံမှ ပင့်ဆောင်လာသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား နိကာယ်ငါးရပ်ပိဋကသုံးပုံ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါဠိပါရဂူ ဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်)နှင့် မင်းကွန်းတိပိဋကနိကာယ်ကျောင်းတိုက် စီမံအုပ်ချုပ်မှု မဟာနာယကအဖွဲ့ဝင်ဆရာတော် စိန်ရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဘဒ္ဒန္တပညာသီရိလင်္ကာရ(မြင်းမူ)ဆရာတော်ဘုရားကြီးတို့မှ ရွှေတိဂုံစေတီတော်မြတ်ကြီးမှ တဆင့်ပင့်ဆောင်ခဲ့ရာ နိကာယ်ငါးရပ်ပိဋကသုံးပုံ စာသင်တိုက်ကြီးမှ ဆရာတော်သံဃာတော်များ၊ ဒဂုံမြို့သစ်ခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကို၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးမင်း နှင့် ခရိုင်အဆင့်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင် နှင့် မြို့နယ်အဆင့်တာဝန်ရှိပုဂ္ဂိုလ်များမှ ကြိုဆို ကြည်ညိုဖူးမြော်ခဲ့ကြသည်။
ဆက်လက်၍ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ဗီယမ်နမ်ဆရာတော်ကြီးကျောင်းသို့ ဆက်လက် ပင့်ဆောင်သွားကြောင်း သိရသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment