မြင့်တက်လာတဲ့ လူနေမှုစရိတ်တွေ လျော့ကျလာအောင် လုပ်ပေးဖို့ လာအိုလွှတ်တော်က အစိုးရ ကို တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင့်တက်လာတဲ့ လူနေမှုစရိတ်တွေ လျော့ကျလာအောင် လုပ်ပေးဖို့ လာအိုလွှတ်တော်က အစိုးရ ကို တောင်းဆို


အောက်တိုဘာ - ၃၁

ငွေကြေးဖောင်းပွမှု၊ လျှပ်စစ်ဓာတ်အားခများ မြင့်တက်မှု နဲ့ မရှိမဖြစ်လိုအပ်သော လူသုံးကုန်ပစ္စည်းများရဲ့ ဈေးနှုန်းမြင့်တက်လာနေမှုကို ကြုံတွေနေရတဲ့  ပြည်သူများရဲ့ စီးပွားရေးကျပ်တည်းမှုကို ဖြေလျှော့ရန် လာအို အမျိုးသားလွှတ်တော် (NA) က အစိုးရကို တောင်းဆိုထားပါတယ်။ 

ဇွန်လ ၂၆ ရက်နေ့မှ စတင်ကျင်းပသည့် အမျိုးသားလွှတ်တော် ၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေး အပြီးတွင် အဆိုပါ တောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ နိုင်ဆမ်ဖုန်း ဖွမ်ဗီဟန်က သဘာပတိအဖြစ်ထမ်းဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များက အရပ်ဘက်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်သားများကို ပေးဆောင်နေတဲ့ လစာနှင့် စရိတ်များကို ချိန်ညှိရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။ 

ငွေကြေးဖောင်းပွမှု ကျဆင်းနေသော်လည်း လူနေမှုစရိတ်များ မြင့်မားနေသည့်ကြားမှ ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန် လွှတ်တော်အဖွဲ့ဝင်များက ခိုင်မာသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြပါတယ်။ 

အစည်းအဝေးအတွင်း တင်ပြခဲ့သော အစိုးရအစီရင်ခံစာတစ်ခုအရ ၂၀၂၅ ခုနှစ် ပထမငါးလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းက ၁၂ ရာခိုင်နှုန်းသို့ ကျရောက်ခဲ့တယ် ဆိုပေမဲ့ ၂၀၂၄ တုန်းက အဲ့ဒိကာလအတွင်းမှာ ၂၅ ရာခိုင်နှုန်း ဆီကို ကျရောက်ခဲ့တယ်လို့ သိရပါတယ်။ ( ဆိုလိုချင်တာက မနှစ်က ကုန်ဈေးနှုန်းက ၄ပုံ၁ပုံလောက် ခုန်တက်ခဲ့သလို ဒီနှစ်လည်း ၈ပုံ၁ပုံလောက်ခုန်တက်ခဲ့တယ်လို့ ပြောတာပါ) 

လွှတ်တော်အမတ်တွေက အစိုးရအနေနဲ့လုပ်ပေးနိုင်တဲ့ လျှပ်စစ်မီး၊ ရေနှင့် အခြေခံ ကုန်ပစ္စည်းများ ရရှိရေး ပိုမိုကောင်းမွန်လာစေရန် ထိပ်တန်းဦးစားပေးအဖြစ်လုပ်ပေးဖို့အတွက် မီးမောင်းထိုးပြခဲ့ပါတယ်။

မကြာသေးမီက ထူးထူးခြားခြားလျှပ်စစ်ဓာတ်အားခဈေးနှုန်းများ မြင့်တက်လာခြင်းအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့ပါတယ်။ 


REF: Vientiane Times

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)