ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ









ရန်ကုန်၊ အောင်တိုဘာ ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်ပပို့ကုန် သီးနှံ ထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေးပွဲကို အောက်တိုဘာ (၂၃)ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကြာကန်ဗိမာန်တော်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများ၊ ပိုးသတ်ဆေးဆိုင် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ တောင်သူ များ၊ စိုက်ပျိုးရေးသွင်းအားစုရောင်းချသည့် အရောင်းကုမ္ပဏီများ၊ အရောင်းဆိုင်များ၊ စိုက်ပျိုးရေး ထွက်ကုန်များကို ကုန်သွယ်မှုပြုနေသူများ၊ နိုင်ငံခြားကို တင်ပို့ရောင်းချနေသူများ၊ သက်ဆိုင်ရာ ဌာန မှ တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်သည့် စိုက်ပျိုးရေးထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရောင်းချနိုင်မည်ဖြစ်ကာ အောင်မြင်အောင် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်စသည်တို့ကို ပြောကြားသည်။  

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးဇော်လင်းက ပြည်ပ ပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး နည်းပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ထုတ်လုပ်မည့် တိုက်ရိုက် မျိုးစေ့ချ ကိရိယာ (Drum Seeder)များအကြောင်းကို တက်ရောက်လာသူများအား ရှင်းလင်းပြသခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်တိုင်းအထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ အင်းဆက်ဖျက် ပိုးများအား ဘက်စုံကာကွယ်ရေးနည်းလမ်းများ အသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ သီးနှံရောဂါ များအား ဘက်စုံကာကွယ်ရေး နည်းလမ်းများအသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ သီးနှံဖျက် ပေါင်းပင်များအား ဘက်စုံကာကွယ်ရေးနည်းလမ်းများ အသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ မြေဆီလွှာ စီမံခန့်ခွဲမှု နည်းလမ်းများနှင့် ဓာတ်မြေဩဇာ စနစ်တကျ အသုံးပြုနည်းများနှင့် မျိုးကောင်းမျိုးသန့် သုံးစွဲရေးအကြောင်းများကို ဆွေးနွေးခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)