လက်နက်ကိုင်ပြဿနာကြောင့် ထိခိုက်ဆုံးရှုံးမှုအများဆုံးဟာ ဖွံ့ဖြိုးမှုအားနည်းတဲ့ တိုင်းဒေသကြီးများနဲ့ ပြည်နယ်များသာဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ အဲဒီဒေသတွေဟာ လွတ်လပ်ရေးမရမီနှင့်ရပြီး နဂိုကတည်းကအခြေအနေအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတို့ကြောင့် ဖွံ့ဖြိုးမှုအားနည်းခဲ့သလို ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် “လဲရာသူခိုးထောင်း” ဆိုသလို ပိုမိုအခြေအနေဆိုးရွားလာတာ တွေ့ရပါတယ်။ ကမ္ဘာ့နိုင်ငံတွေကို လေ့လာကြည့်ရင် နိုင်ငံရဲ့ ဝေးလံလှတဲ့ ကျေးလက်ဒေသတွေမှာတောင် တည်ငြိမ်အေးချမ်းမှုရှိရင် ဖွံ့ဖြိုးတိုးတက်မှုရှိနေတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအတွက် ကောင်းမွန်တဲ့ ရေခံ၊ မြေခံတွေရှိပြီးဖြစ်လို့ တည်ငြိမ်အေးချမ်းမှု သာယာမှုရှိလာပါက ခေတ်အဆက်ဆက် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသတွေမှာ ကျေးလက်ဒေသများပါမကျန် ဖွံ့ဖြိုးတိုးတက်လာမှာ မလွဲမသွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသခံပြည်သူလူထုရဲ့ မျက်နှာကိုကြည့်ကြပါ။ စာနာကြပါ။ သူတို့အတွက် တည်ငြိမ်အေးချမ်းမှုကို အားလုံးကဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
ဒီနေရာမှာပြောလိုတာကတော့ လက်နက်စွဲကိုင်ပြီး လိုချင်တာတွေကို တောင်းဆိုခြင်း၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာနဲ့ မိမိတို့ရဲ့ဆန္ဒကိုသာ ရှေ့တန်းတင် ဦးစားပေးဖန်တီးလုပ်ဆောင်မှုများဟာ မိမိတို့ဒေသခံပြည်သူလူထုကို ဖွံ့ဖြိုးမှုနောက်ကျအောင် ဆွဲချနေတာပဲဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့သွေဖည်နေပြီး မှန်ကန်တဲ့လုပ်ငန်းစဉ်မဟုတ်ကြောင်း အလေးအနက်သတိပြုရမှာဖြစ်ပါတယ်။ ဒီမိုကရေစီရွေးကောက်ပွဲများက ပေါ်ပေါက်လာတဲ့ လွှတ်တော်အသီးသီးမှာ မိမိတို့လိုလားချက်တွေကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ရယူကြရမှာဖြစ်ပါတယ်။
https://t.me/MyanmarNationalPost

No comments:
Post a Comment