နေပြည်တော်၊ အောက်တိုဘာ ၂၀
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား ယမန်နေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ် လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် တည်ငြိမ်မှုပျက်ပြားနေမည်ဆိုပါက စီးပွားရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့်လက်နက် ကိုင်အကြမ်းဖက်မှုများချုပ်ငြိမ်းပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေးမဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် တပ်မတော်ကိုနိုင်ငံတော်၏ ပြည်တွင်းပြည်ပရန်ကို ကာကွယ်ရန်ဖွဲ့စည်းထားရှိခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကိုကာကွယ်နိုင်ရန်အတွက် စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်ရန်လိုကြောင်း၊ အလားတူပြည်သူများမှ အပြည့်အဝယုံကြည်ကိုးစားသည့် တပ်မတော်ဖြစ်ရန်လိုကြောင်း၊ ဒေသအလိုက်တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် ဒေသခံပြည်သူများနှင့်တစ်သား တည်းဖြစ်အောင်လုပ်ဆောင်ပြီး ဒေသလုံခြုံတည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာဖြင့်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်ရန်လိုကြောင်း။
တပ်မတော်သားတစ်ဦးချင်းအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို မပျက်မကွက်လုပ်ဆောင်နေရန်လိုကြောင်း၊ အလားတူနေ့စဉ်ဆောင်ရွက်ရမည့် ဦးရေးထောက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို မပျက်မကွက်ဆောင်ရွက်နေရန်လိုကြောင်း၊ အမိန့်နှင့်ညွှန်ကြားချက်များအတိုင်းလိုက်နာ ဆောင်ရွက်ခြင်းသည်လည်း မိမိတို့တပ်ကို အရည်အသွေးရှိသည့် တပ်ဖြစ်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့၏ လူနေမှုဘဝကိုထိခိုက်စေမည့် အသောက်အစားအပျော်အပါးများကို တတ်နိုင်သမျှ ရှောင်ရှားရန်လိုကြောင်း၊ မိမိကိုယ်ကို တပ်မတော်သားကောင်းတစ်ဦးဆိုသည့်စိတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်သားများဖြစ်သည်နှင့်အညီ ဝတ်စားဆင်ယင်မှုများ၊ သွားလာနေထိုင်မှုများမှအစ စည်းကမ်းနှင့်အညီ နေထိုင်ကြရန်လိုကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားနည်းခဲ့ခြင်းကြောင့် ခေတ်အဆက်ဆက်တွင် သယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲခဲ့ကြကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် အခြေခံအားဖြင့်ရှိပြီးဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ တိုးတက်ထုတ်လုပ်နိုင်ရေး တပ်မတော်သားများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေသအလိုက် ပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက်ထုတ်ကုန်များပိုမိုတိုးတက်ထုတ်လုပ်နိုင်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်အထောက်အကူပြုစေမည် ဖြစ်ကြောင်း။
လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် တည်ငြိမ်မှုပျက်ပြားနေမည်ဆိုပါက စီးပွားရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့်လက်နက် ကိုင်အကြမ်းဖက်မှုများချုပ်ငြိမ်းပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေးမဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့်တပ်၊ စွမ်းအားရှိသည့်တပ်များ ဖြစ်အောင်တည်ဆောက်ပြီး နိုင်ငံ့အကျိုး၊ တပ်မတော်အကျိုးနှင့် ဒေသအကျိုးအတွက် ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့်ပြောကြားသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment