မဲပေးရာတွင် နိုင်ငံနှင့် နိုင်ငံသားများအကျိုးရှိအောင် ဆောင်ရွက်ပေးမည့်ပုဂ္ဂိုလ်များကို သေချာရွေးချယ်ရမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲပေးရာတွင် နိုင်ငံနှင့် နိုင်ငံသားများအကျိုးရှိအောင် ဆောင်ရွက်ပေးမည့်ပုဂ္ဂိုလ်များကို သေချာရွေးချယ်ရမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ပြောကြား






နေပြည်တော်၊ အောက်တိုဘာ ၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁၉-၁၀-၂၀၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးလှဆွေနှင့်အတူ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ အင်ပင်ခုံကျေးရွာမှ ရွာသူရွာသားများအား သွားရောက်တွေ့ဆုံစဉ် နိုင်ငံနှင့် နိုင်ငံသားများအကျိုးရှိအောင် ဆောင်ရွက်ပေးမည့်ပုဂ္ဂိုလ်များကို သေချာရွေးချယ်ရမည်ဖြစ်ကြောင်း ဦးခင်ရီ က ပြောသည်။

အင်ပင်ခုံကျေးရွာ ရွာသူရွာသားများနှင့်တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌမှ မကြာမီကျင်းပပြုလုပ်တော့မည့် ရွေးကောက်ပွဲသည် နိုင်ငံသူနိုင်ငံသားအားလုံးအတွက် အရေးကြီးကြောင်း၊ မဲပေးနိုင်ရန် မဲစာရင်းတွင်ပါဝင်ရမည်ဖြစ်၍ မဲစာရင်းများအား သွားရောက်ကြည့်ရှုရန်လိုကြောင်း၊ မိမိတို့နှစ်သက်ရာအဖွဲ့အစည်းကို ရွေးချယ်ခွင့်ရှိကြောင်း၊ နိုင်ငံနှင့် နိုင်ငံသားများအကျိုးရှိအောင် ဆောင်ရွက်ပေးမည့်ပုဂ္ဂိုလ်များကို သေချာရွေးချယ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရွာသူရွာသားများအား ဘုရားဆင်းတုတော်များအား ကုသိုလ်ဒါနပြု လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)