အောက်တိုဘာ - ၁ ( ဗုဒ္ဓဟူးနေ့ )
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် အင်္ဂါနေ့ညက ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့လို့ အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရပါတယ်။ အဆိုပါငလျင်သည် လူ ၉သောင်းကျော် နေထိုင်တဲ့ ဘိုဂိုမြို့ ကမ်းခြေအရှေ့မြောက်ဘက်တွင် ဒေသစံတော်ချိန် ည ၁၀နာရီလောက်မှာ လှုတ်ခတ်ခဲ့တာပါ။
ဘိုဂိုမြို့ ဆေးရုံကထုတ်ပြန်ချက်မှာတော့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းအထိ သေဆုံးသူ ၅၃ ဦးရှိသွားပြီဖြစ်ပြီး အလောင်းတွေကို နီးစပ်ရာဆေးခန်းတွေကို ပို့ဆောင်ထားတဲ့အတွက် သေဆုံးသူဦးရေ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။ အနီးနားမြို့တွေက အပျက်အစီးတွေထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေလည်း ရှိနေပါသေးတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment