အောက်တိုဘာ - ၁ ( ဗုဒ္ဓဟူးနေ့ )
မနေ့က ဝါရှင်တန်မြို့အပြင်ဘက် မရိန်းတပ်စခန်းတစ်ခုဖြစ်တဲ့ ကွမ်တီကိုရှိ အမေရိကန် ထိပ်တန်းစစ်တပ် အရာရှိတွေကို မိန့်ခွန်းပြောစဉ်မှာ ထရမ့်က ရုရှား နဲ့ တရုတ်တို့က ရေငုပ်သင်္ဘော အရေအတွက် နဲ့ ပတ်သက်ပြီး အမေရိကန်ကို အမီလိုက်ဖို့ ကြိုးစားနေကြောင်း၊ ဒါပေမဲ့ ဘယ်တော့မှ လိုက်မီမှာ မဟုတ်ဘူး လို့ ပြောသွားပါတယ်။
“ရေငုပ်သင်္ဘောတွေနဲ့ ပတ်သက်လာရင်တော့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက ကျနော်တို့က ရုရှားနဲ့ တရုတ်တို့ ရဲ့ အထက်မှာ ရှိပါတယ်။ ရုရှားရေငုပ်သင်္ဘောတွေက ဒုတိယ၊ တရုတ်က တတိယအဆင့်ပဲ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေ ကျနော်တို့ကို ကျော်ဖို့ ကြိုးစားနေတယ် ဆိုတာကို ခင်ဗျားတို့သိဖို့လိုပါတယ်” လို့လည်း ပြောပါတယ်။ “အဲ့လိုပဲ နျူကလီးယားလက်နက်တွေ နဲ့ ပတ်သက်လာရင်လည်း သူတို့က ကျနော်တို့ထက် အများကြီး နည်းပါတယ်။ သူတို့ ကျနော်တို့ကို မီအောင်လိုက်ဖို့လုပ်နေတယ် ဆိုတာကိုလည်း သိပါတယ်” လို့ ဆိုပါတယ်။
ထရမ့်က အမေရိကန်မှာ ထောက်လှမ်းလို့မရတဲ့ နျူ့စွမ်းအင်သုံး ရေငုတ်သင်္ဘောတွေရှိကြောင်း ပြောဆိုခဲ့သလို တရုတ်ကလည်း ရေအောက်ရှိရေငုတ်သင်္ဘောတွေကို ၉၅ % အထိ ထောက်လှမ်းလို့ရတဲ့ အေအိုင်သုံး ကရိယာတွေကို တီထွင်ထားပြီးပြီလို့ ဆိုပါတယ်။ ရန်သူရေငုတ်သင်္ဘောများကို ရှာဖွေရန်အတွက် ဆိုနာဗော်ယာများ၊ ရေအောက်အာရုံခံကိရိယာများ၊ ရေဒါများ ရေအငန်ဓာတ် နဲ့ ရေအပူချိန်တို့မှ အချက်အလက်များကို ပေါင်းစပ်ခွဲခြမ်းစိတ်ဖြာကြောင်း သိရပါတယ်။
ရုရှားရေငုပ်သင်္ဘောများသည် အာတိတ်ရေခဲပြင်အောက်တွင် ရေငုပ်နိုင်ပြီး ရေဒါမှ ကွယ်ပျောက်နိုင်သောကြောင့် “စစ်ဘက်ဆိုင်ရာ အားသာချက်” ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သြဂုတ်လတွင် ပြောကြားထားတာ ရှိပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment