ကြံခင်း၊ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု များသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေကြသော နေရပ်စွန့်ခွာပြည်သူများအား ယနေ့ နံနက်ပိုင်းက မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းနှင့် စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ ဧရာဦးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပထမဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာ စကားပြောကြားရာ၌ နေရပ်စွန့်ခွာပြည်သူများအား မည်သည့်နေရာတွင် မဲပေးနိုင်ရေး၊ ရောက်ရှိမြို့ နယ်အတွင်း မဲပေးမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှတဆင့် ပုစံ(၃-က) ဖြင့် လျှောက်ထားနိုင်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျက်စီး၊ ပျောက်ဆုံးမှုရှိပါ လိုအပ် သလို သက်ဆိုင်ရာဌာနများဖြင့် ချိပ်ဆက်၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး၊ မြို့နယ်ရွှေးကောက်ပွဲအရာရှိ ဒေါ်ဝင်းဝင်းမြင့်က မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်၏ ဖွဲ့စည်းတည်ဆောက်ပုံ MEVM စက်ဖြင့်စမ်းသပ်မဲပေးမှု အဆင့်ဆင့်လုပ်ငန်းစဉ်များကိုရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် နေရပ်စွန့်ခွာပြည်သူများ က တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးကြရာ တာဝန်ရှိသူများ ရှင်းလင်းပြသပေးကြသည်။
ထို့နောက် နေရပ်စွန့်ခွာပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တစ်ဦးလျှင် စားသုံးဆီ ၅၀ ကျပ်သားကို ၃၅၀၀ နှုန်းဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝလင်း
https://t.me/MyanmarNationalPost






No comments:
Post a Comment