တာမွေ၊ အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ ၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ မဲဆန္ဒရှင်ပြည်သူများ၏ အမည်စာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာထားရာ တာမွေမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦးရေ ရှစ်သောင်းသုံးထောင်ကျော်အထိရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မဲဆန္ဒရှင်ပြည်သူများ၏ အမည်စာရင်းများ ကပ်ထားကြေညာရာတွင် လာရောက်ကြည့်ရှုသူပြည်သူများ အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က တာမွေ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာမွေ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် ရပ်ကွက်စာရေးများက လိုအပ်သည်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ရပ်ကွက်ပေါင်း(၂၀)ရှိပြီး ပထမအကြိမ် မဲဆန္ဒ ရှင်ပြည်သူများ၏ အမည်စာရင်းများကို ၂၀၂၅-ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့မှ အောက်တိုဘာလ(၁၃)ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာထားရာ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦးရေ (၈၃၈၈၁)ဦး အထိရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment