အောက်တိုဘာ - ၁ ( ဗုဒ္ဓဟူးနေ့ )
မနေ့က ပိုလန်နိုင်ငံ ဝါဆောမြို့ရှိ လုံခြုံရေးဖိုရမ်တွင် ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်က ယူကရိန်းကို ထောက်ခံတဲ့ မိန့်ခွန်းကို ပြောကြားခဲ့တာကြောင့် ဒီကနေ့မှာ ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်က “ ကျနော်တို့ကတော့ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရုရှားနဲ့ စစ်တိုက်စရာမလိုဘူး” လို့ သူ့ရဲ့ အိတ်စ်လူမှုကွန်ယက် စာမျက်နှာမှာ ရေးတင်ပြီး ပိုလန်ဝန်ကြီး ချုပ်ကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ ပို့စ်မှာ "ချစ်ခင်ရပါသော ဒေါ်နယ်တက်စ်ခင်ဗျာ။ ခင်ဗျား အနေနဲ့ ဥရောပသမဂ္ဂ နဲ့ ရုရှား စစ်ဖြစ်နေတယ်လို့ ခင်ဗျား ထင်ကောင်းထင်နေပါလိမ့်မယ်။ အဲ့ဒိထဲမှာ ဟန်ဂေရီမပါသလို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်း မပါပါဘူး။ ဥရောပသား သန်းပေါင်းများစွာရဲ့ အသက်နဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်လာနိုင်တဲ့ ဂိမ်းကို ခင်ဗျားက ကစားချင်တာလား ခင်ဗျား။ အဲ့ဒိကိစ္စက အလွန်ဆိုးဝါးလွန်းပါတယ် ခင်ဗျာ” လို့ ရေးတင်ခဲ့ပါတယ်။
တက်စ်ကတော့ ယူကရိန်းကို လိုအပ်သမျှ နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ပံ့ပိုးကူညီရန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းခဲ့ပါတယ်။ "ယူကရိန်းစစ်ပွဲက ကျနော်တို့ရဲ့ စစ်ပွဲဖြစ်တယ်ဆိုတာကို ကျနော်တို့ အသိအမှတ်ပြုရပါမယ်။ အခု ယူကရိန်း စစ်ပွဲမှာ ရှုံးသွားမယ်ဆိုရင် အကျိုးဆက်တွေက ပိုလန်၊ ဥရောပတစ်ခွင်၊ အမေရိကန်ပြည်ထောင်စု၊ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့နိုင်ငံတွေ ရှုံးသွားတာနဲ့အတူတူပါပဲ။ ပိုလန်နိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အနာဂတ်မျိုးဆက်တွေကိုပါ သက်ရောက်မှု ရှိသွားမှာပါ” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။
အီးယူ နိုင်ငံအများစုနှင့်မတူဘဲ ဟန်ဂေရီသည် ယူကရိန်းသို့ လက်နက်များ ပေးပို့ရန် ငြင်းဆိုထားပြီး ပဋိပက္ခကို သံတမန်နည်းအရ ဖြေရှင်းရန် တွန်းအားပေးခဲ့ပါတယ်။ ဥရောပသမဂ္ဂ မှာ စစ်ပွဲဈေးသည် လုပ်နေတဲ့ ဗျူရိုကရက်များရှိနေပါတယ်။ ရုရှားနဲ့တိုက်ရမယ့် စစ်ပွဲထဲကို ဟန်ဂေရီကို ထည့်သွင်း ဖို့ မလုပ်ပါနဲ့ လို့ အော်ဘန်က ပြောခဲ့ပါတယ်။ ဟန်ဂေရီသံတမန်တွေကလည်း ဆိုရှယ်မီဒီယာပေါ်တွင် ယူကရိန်းအရာရှိများနှင့် အကြိမ်ကြိမ် ခိုက်ရန်ဖြစ်ပွားနေပါတယ်။ ဟန်ဂေရီနိုင်ငံသို့ ရေနံထောက်ပံ့နေသည့် ရုရှားပိုက်လိုင်းကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ယူကရိန်းရဲ့ ထိပ်တန်းဒရုန်းတပ်မှူး ရောဘတ်ဘရိုဗီဒီ ကို ဟန်ဂေရီက ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သလို ယူကရိန်းသတင်းဝက်ဘ်ဆိုက် ၁၂ ခုကို ဝင်ရောက်ကြည့်ရှုခွင့်ကို တနင်္လာနေ့က ပိတ်ပင်ခဲ့ပါတယ်။
Ref: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment