ထန်းတပင်၊ အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဆန်ဂိုထောင်တစ်ခုတွင် ဆန်ထမ်းသည့်ကိစ္စဖြင့် အလုပ်သမားချင်းစကားများရာမှ သားဖြစ်သူလက်ချက်ဖြင့် ဖခင်ဖြစ်သူ သေဆုံးသွားကြောင်း ထန်းတပင်မြို့နယ် တက်သစ်နယ်မြေရဲစခန်းမှ သိရသည်။
ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာအုပ်စု၊ ကုန်းတလိကျေးရွာ ဆန်ဂိုထောင်အတွင်း ၌ စက်တင်ဘာ၃၀ရက်နေ့ နံနက် ၁၁နာရီ၃၀မိနစ်အချိန်ခန့်က အလုပ်သမားများ ဆန်ထမ်းနေစဉ် ဆန်ထမ်းအလုပ်သမား မြတ်မင်းမောင်နှင့် လင်းနောင် တို့ ဆန်ထမ်းသည့်ကိစ္စနှင့် စကားများရာမှ မြတ်မင်းမောင်အား လင်းနောင်မှ ဆဲရေးတိုင်းထွာသဖြင့် မြတ်မင်းမောင်မှ ဒေါသဖြစ်ပြီး အနီးတွင်ရှိနေသော ဆန်ထိုးပိုက်အား ကောက်ယူကာ (၁၀)ပေ အကွာရှိ လင်းနောင်အား ဆန်းထိုးပိုက်ဖြင့် လှမ်းပစ်လိုက်စဉ် ၎င်းတို့အနီးတွင် ဆန်ထမ်းနေသော မြတ်မင်းမောင်၏ ဖခင်ဖြစ်သူ အသက်၄၅နှစ်ခန့်ရှိသူ ဦးမျိုးမင်းထွေးမှ ကြားဝင်ခံလိုက်ရာ ဦးမျိုးမင်းထွေး၏ ဝဲဘက်နံဘေး အား ထိမှန်၍ စိုက်ဝင်ဒဏ်ရာ ရရှိသွားခဲ့သည်။
D-1 ဆန်ဂိုထောင်တွင် တာဝန်ခံအဖြစ် ကိုသန့်ဇော်မျိုးမှ သွားရောက်ကြည့်ရှုပြီး ဒဏ်ရာရရှိသူ ဦးမျိုးမင်းထွေး၏ ဝဲဘက်နံဘေးမှ စိုက်ဝင်ဒဏ်ရာ အား အဝတ်ဖြင့်ပတ်၍ သုံးဘီးဖြင့် လှိုင်သာယာဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့သည်။
နေ့လည် ၁၂နာရီ၃၀မိနစ် အချိန်ခန့် တွင် လှိုင်သာယာပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ဦးမျိုးမင်းထွေးမှာ ရရှိထားသောဒဏ်ရာဖြင့် သေဆုံး သွားခဲ့သည်။
သေဆုံးသူ၏အလောင်းအား လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှ PR-02 ဖြင့် လက်ခံ ထားပြီး ဆန်ထိုးပိုက်ဖြင့် ပစ်ပေါက်၍ အသက် သေဆုံးအောင်ပြုလုပ်သူ မြတ်မင်းမောင် အသက်၂၁နှစ်၊ ဆန်းထမ်း အလုပ်သမား၊ ရွှေဘိုလမ်း၊ ကုလားကြီးစုကျေးရွာ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေသူ အား ဥပဒေအရ အရေးယူပေးပါရန်
တက်သစ်နယ်မြေရဲစခန်းသို့ ကိုသန့်ဇော်မျိုး က တရားလိုအဖြစ် တိုင်တန်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment