အောက်တိုဘာ - ၇ ( အင်္ဂါနေ့)
ဆီးရီးယားမှာ အာဏာရှင်လို့ သတ်မှတ်ပြီး အများကခေါ်တဲ့ ဘာရှာအာဆက်အစိုးရကို အမေရိကန်ထောက်ခံတဲ့ အကြမ်းဖက်အုပ်စုတွေက ဖြုတ်ချနိုင်ခဲ့ပြီးနောက်မှာ ယာယီအခြေခံဥပဒေ ရေးဆွဲပါတယ်။ ပြီးတော့ ယာယီပါလီမန်ဖွဲ့ဖို့အတွက် ရွေးကောက်ပွဲလုပ်တယ်။ တနင်္ဂနွေနေ့မှာပဲ အောင်အောင်မြင်မြင် ပြီးသွားတယ်။ တနင်္လာနေ့ကျတော့ ဆီးရီးယား မြောက်ပိုင်း မြို့တော် အလက်ပိုမှာ အစိုးရတပ်ဖွဲ့တွေနဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) အပါအဝင် ကာ့ဒ်တိုက်ခိုက်ရေးသမားများကြား တနင်္လာနေ့ညက ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း မီဒီယာအများအပြားက ဖော်ပြခဲ့ပါတယ်။
အပြန်အလှန် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ပိုင်း သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ အလက်ပိုမြို့ ရပ်ကွက်အသီးသီးရှိ လူအချို့က အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး အေအိုင်အာရေဘီးယား သတင်းဌာနက အစိုးရစစ်တပ်က တပ်ဖြန့်ချထားမှု အစီအစဉ်တွေကို တစ်စိတ်တစ်ပိုင်း အဖြစ် လှုပ်ရှားနေတယ်လို့ ဖော်ပြပါတယ်။ စစ်တပ်ကတော့ "ကျနော်တို့ နဲ့ [SDF] က သဘောတူညီချက်ကို ကတိကဝတ်ပြုထားပြီးသားဖြစ်နေတာမို့ မည်သည့် စစ်ဆင်ရေးကိုမျှ လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိပါ" လို့ ကြေညာထားပါတယ်။
SDF ဘက်ကတော့ တိုက်ပွဲများဖြစ်ရတာက “ကြားဖြတ်အစိုးရရဲ့ အဖွဲ့ခွဲတွေက တင့်ကားနေနဲ့ ချီတက်လာလို့ပဲ၊ ဒါက တိုက်ရိုက် ရန်စနေတဲ့ သဘောကို သက်ရောက်နေပါတယ်” လို့ ပြောသွားပါတယ်။ ဧပြီလတွင် ဆီးရီးယား အစိုးရနဲ့ အလက်ပိုမြို့မှ ကာ့ဒ်ရပ်ကွက်များရှိ ဒေသဆိုင်ရာကောင်စီတို့က ကာ့ဒ်အဖွဲ့အစည်းများ အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်ကို ထိန်းသိမ်းထားပေမဲ့ ဒမတ်စကတ်အစိုးရရဲ့ အခွင့်အာဏာအောက်မှာပဲ ထားရှိဖို့ သဘောတူညီထားတာရှိပါတယ်။
အခြားသဘောတူညီချက်အရ ကာ့ဒ်အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းပုံများကို ၂၀၂၅ နှစ်ကုန်တွင် ဗဟိုအစိုးရသို့ ပေါင်းစည်းမယ်လို့ ပြဋ္ဌာန်းထားတာရှိပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment