"သီပေါကို ငါတို့ ရောက်ပြီ"
သီပေါကို ရောက်ဖို့ရာ
လမ်းခရီးမှာ ကြန့်ကြာ
ပြည်ဖျက်မိစ္ဆာ ငမိုက်သား
အမှိုက်တွေကို ရှင်းနေရလို့သာ။
သီပေါရယ် မဝေးပါသော်လည်း
ပြည်ဖျက်မိစ္ဆာတွေလို့ ဆိုဆို
ငမိုက်သားတွေလို့ ပြောပြော
လက်နက်ကိုင်ပြီး
ပြည်သူကို အနိုင်ကျင့် စိုးမိုးချင်တဲ့
အမှိုက်တွေကို ရှင်းရသေးသမို့
လမ်းခရီး မဖြောင့်ဖြူးပါကွယ်။
အခုတော့ ရောက်ပါပြီ သီပေါမြို့ဆီ
မြို့ခံတွေရဲ့ အပြုံးပန်းက
တပ်မတော်သားတွေကို အပန်းပြေစေခဲ့
သပြေပန်းတွေကမ်းလို့ ဂုဏ်ပြု
အအေးတိုက်လို့ အမောပြေစေတယ်
သီပေါကို ရောက်ပါပြီကွယ်။
ကိုခိုင်ဇော် အားမာန်အပြည့်နဲ့
မြို့ထဲဝင်တာက တစ်ဖွဲ့
ပြည်ဖျက်မိစ္ဆာတွေနောက်ကို လိုက်တာက တစ်ဖွဲ့
"ငါတို့ သီပေါကို ရောက်ပြီ"တဲ့။
အော် - ရှမ်းမြောက်
ငမိုက်သား ဖောက်ပြန်ရေးသမားတွေ ထကြွ
ပြည်သူတွေ အတိဒုက္ခရောက်ရ
တပ်မတော်က နှိမ်နင်းပေးမှသာ
ကြည်လင်ရွှင်လန်း အပြုံးပန်းတွေဝေလို့
အခုမှ သူတို့ကို မြင်ရပုံက
လုံခြုံမှုရသလို ခံစားလိုက်ရတယ်။
ပြေးသာ ပြေးပါ ငမိုက်သားတွေရယ်
ထပ်ကြပ်မကွာ လိုက်လို့ရယ်
ရှမ်းမြောက်တခွင် အကြမ်းဖက်ကင်းစင်ရေး
ပြည်သူတွေဘဝ လုံခြုံအေးချမ်းရေး
တပ်မတော်သားတွေ ရဲ့
မပြီးဆုံးသေးသော တာဝန်များနဲ့ . . .။ ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost





No comments:
Post a Comment