လပွတ္တာ ၊ အောက်တိုဘာ ၁၇
ကဏန်းမျိုးများ ရေရှည်တည်တံ့ပွားများစေရန်နှင့် စဉ်ဆက်မပြတ် ဖမ်းဆီးထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်မှုဖြင့် လပွတ္တာမြို့နယ်အတွင်းရှိ ကဏန်းလုပ်ငန်းရှင်များစုပေါင်း၍ ရွှံကဏန်းမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သာခရမ်းချောင်း ဒီရေတော၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ လပွတ္တာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ခရိုင်နှင့်မြို့နယ် မိခင်ကလေးနှင့်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်းနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ကဏန်းလုပ်ငန်းရှင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံရေလုပ်သားများ စုစုပေါင်းအင်အား (၁၅၀)ခန့်တက်ရောက်၍ ရွံ့ကဏန်းအရွယ်မျိုးစုံကောင်ရေ(၁၀၀၀၀)ခန့်၊ (၅၀၀)ကီလိုဂရမ်ကို စုပေါင်းမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment