တဲလ်အဗီး၊ အောက်တိုဘာ ၁၀
အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသိန်းဇော်သည် အစ္စရေးနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. J.P Singh အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်၊ ၁၀:၀၀ နာရီအချိန်တွင် တဲလ်အဗီးမြို့ရှိ အိန္ဒိယသံရုံးသို့ သွားရောက် နှုတ်ခွန်းဆက် တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် သံအမတ်ကြီးများသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ ကာလရှည်ကြာတည်ရှိခဲ့သည့် နှစ်နိုင်ငံချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းရေးနှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် ပြည်သူများအကြား ဆက်ဆံရေးကို ပိုမိုအားပေး မြှင့်တင်ရေးတို့ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသိန်းဇော်က မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုများ နှင့်ပတ်သက်၍ အသိပေးဆွေးနွေးခဲ့ပြီးနောက် အိန္ဒိယသံအမတ်ကြီးထံ မြန်မာ့ရိုးရာအမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment