အောက်တိုဘာ - ၁၀ ( သောကြာနေ့ )
အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အမေရိကန်ကြားဝင်ပေးတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ပထမအဆင့်ကို စောင့်ကြည့်ရန်အတွက် အရှေ့အလယ်ပိုင်းဒေသကို အနည်းဆုံး အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀ စေလွှတ်မယ်လို့ ထရမ့် အစိုးရက ပြောကြားခဲ့ကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကိုတော့ အမေရိကန်တပ်ဖွဲ့ဝင်များ ဝင်ရောက်မည်မဟုတ်ကြောင်းနဲ့ အဲ့ဒိတပ်တွေကို အစ္စရေးတွင် တပ်စွဲထားမယ်လို့ အစိုးရက ပြောကြားခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေးကို ကြီးကြပ်ခြင်းအပြင် စစ်သားများသည် ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် လုံခြုံရေးတို့ကို ပေါင်းစပ်ညှိနှိုင်းကာ စောင့်ကြည့်မှာပဲ ဖြစ်ပါတယ်။ အစ္စရေးအစိုးရက သဘောတူညီချက်၏ ပထမအဆင့်ကို ကြာသပတေးနေ့တွင် အတည်ပြုခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် ရုံးက ပြောကြားခဲ့ပါတယ်။
မနေ့ကမနက်ပိုင်းမှာ အီဂျစ်နိုင်ငံမှာ နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြပေမဲ့ အဲ့ဒါကို အစ္စရေး အစိုးရအဖွဲ့ တစ်ခုလုံးမှ အတည်ပြုရန် လိုအပ်နေသေးကြောင်း သိရပါတယ်။ သဘောတူညီချက်ကို အတည်ပြုပြီးတာနဲ အပစ်အခတ်ရပ်စဲရေးသည် ၂၄ နာရီအတွင်း အသက်ဝင်မှာဖြစ်ပါတယ်။
ဒါပေမယ့် အတည်ပြုချက်က ပြီးမြောက်တဲ့ သဘောတူညီချက်တော့ မဟုတ်ပါဘူး။ အစိုးရအဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး နဲ့ အမျိုးသားလုံခြုံရေးဝန်ကြီး တို့က ၎င်းအား ကန့်ကွက်မဲပေးနိုင်တယ်လို့ မီဒီယာတွေက ဆိုပါတယ်။ အကယ်၍ အကျဉ်းသားများ လွတ်မြောက်လာပါက အစ္စရေးတွင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရတဲ့ ပါလက်စတိုင်း အကျဉ်းသား ၂၅၀ နဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်ကတည်းက ဖမ်းဆီးခံထားရသော ဂါဇန်လူမျိုး ၁၇၀၀ လွတ်မြောက်လာမယ်လို့လည်း ဆိုပါတယ်။ ၎င်းတို့အား ပြည်ပသို့ နှင်ထုတ်ခြင်း သို့မဟုတ် ဂါဇာသို့ ပို့ဆောင်မှာပဲ ဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွင် ပါဝင်ခြင်းမရှိတဲ့ အရွယ်မရောက်သေးသူ ၂၂ ဦးခန့်ကို လွှတ်ပေးမယ်လို့လည်း သိရပါတယ်။ သဘောတူညီချက်ကို အစ္စရေးက အတည်ပြုပြီး ၂၄ နာရီအတွင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ဂါဇာကမ်းမြောင်ဒေသတွင် ရုပ်သိမ်းပြီးမှသာ ဟားမတ်စ်တွေက အစ္စရေး ဓားစာခံများကို လွှတ်ပေးရန် စီစဉ်ထားပါတယ်။
REF: UPI
https://t.me/MyanmarNationalPost



No comments:
Post a Comment