ကြံခင်းမြို့နယ်၊ ကုန်းမြင့်သာယာကျောင်းတိုက် ဦးစီးပဓနနာယကဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်၊ ကုန်းမြင့်သာယာကျောင်းတိုက် ဦးစီးပဓနနာယကဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင် အခမ်းအနားကျင်းပ







ကြံခင်း၊ အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘိလပ်မြေစက်ရုံအနီး၊ ကုန်းမြင့် သာယာ ကမ္မဋ္ဌာန်းတရားရိပ်သာနှင့် ဘိုးဘွားရိပ်သာကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဝေဠုဝန်နိကာယဂိုဏ်း၏ မဟာနာယက၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဘန္ဒန္တ စိန္တာသေဋ္ဌ၊ သက်တော် (၆၉)နှစ်၊ သိက္ခာတော် (၄၉)ဝါအရ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်(သောကြာ)နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီးသော အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းတိုက်၌ကျင်းပခဲ့ရာ ဆရာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပည့်ဒါယိကာ၊ ဒါယိကာမများတက်‌ရောက် ပူဇော် ခဲ့ကြသည်။

အခမ်းအနားကို ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ(သုံး) ကြိမ်ရွတ်ဆို  ဘုရားကန့်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ အသုတ်မြို့၊ မြို့ရိုးစာသင်တိုက် ဘဒ္ဒန္တ ပညာဇောတထံမှ ဧည့်ပရိတ်သတ်အပေါင်းမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး၊ သံဃာတော်အရှင် သူမြတ်များက အနိစ္စာဝတသင်္ခါရစသော သုံးဂါထာရွတ်ဆိုကာ သံဝေဂပွား မေတ္တာသုတ်ချီးမြှင့် သရဇ္ဈာယ်ကြသည်။ ဆက်လက်၍ မူလရွှေကျောင်းကြီး ဒေါက်တာ ဘဒ္ဒန္တကောဝိဒက ဆရာတော်၏ အထေရုပ္ပတ္တိ အကျည်းအားဖတ်ကြားပြီး၊ လယ်ပြင်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဥတ္တရာနန္ဒက ဂုဏ ကိတ္တနသံဝေဂရစနာဖြင့်လည်းကောင်း၊ ဘဒ္ဒန္တဩဘာသ တက္ကသီမဟာဓမ္မာရိယ (MA)က သာသနာ လင်္ကာရ အန္တိမအဂ္ဂိဈာပန စာတမ်းအား ဖတ်ကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များက ဆရာတော်၏ ဥတုဇရုပ်ကလာပ် တော်အား နောက်ဆုံးဂါရဝ ပူဇော်၍ ကမ္ဗလာသင်္ကန်း ကပ်လှူပူဇော်ကြသည်။ ထို့နောက် ဘဒ္ဒန္တ ပညာဇောတထံမှ အနုမောဒန တရားနာယူ၍ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြပြီး၊ ကုန်းမြင့်ဘိုးဘွားရိပ်သာ ဥက္ကဋ္ဌ ဦးစိန်ဋ္ဌေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး  ကျောက်တိုင်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒက ဆရာ‌တော်၏ တပည့် ဒါယိကာ၊ ဒါယိကာမများအား   တောင်းပန်ဝန်ချကန့်တော့ဂါထာကို တိုင်တည်၍ချပေးခဲ့ပြီး၊ သဲဖြူကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သိရိနန္ဒက သင်းချိုင်းတောပင့် ဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်၍ ဆရာတော်ကြီး ဥတုဇ ရုပ်ကလာပ်တော်အား ဈာပနကွင်းသို့ပင့်ဆောင်ခဲ့ကြသည်။

ထို့သို့ပင့်ဆောင်ရာတွင် သာသနာ့အလံတိုင်ကိုင်၊ ကြေးစည်ကိုင်၊ ဆရာတော်ကြီး၏  ပုံတော်ကိုင် ဥပါသကာများနှင့် ဈာပနယာဉ်တော်၏ ဘေးဝဲယာတွင် ဒါယိကာ၊ ဒါယိကာမများနှင့် (၇)ရက် သားသမီးအပေါင်းတို့က လိုက်ပါခြံရံ၍ စည်းကားသိုက်မြိုက်စွာဖြင့် ပို့ဆောင်ခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား လောင်တိုက်ပေါ်သို့ပင့်ဆောင်ကာ အဂ္ဂိဈာပန မီးပူဇော်ခဲ့ကြ သည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)