အောက်တိုဘာ - ၂၉ ( ဗုဒ္ဓဟူးနေ့ )
ပြင်သစ်သမ္မတ အမ်မာနျူရယ် မာခရွန်ရဲ့ ဇနီးဖြစ်သူ သမ္မတကတော် ဘရစ်ဂျစ်တီ ကို ယောက်ျားလေးအဖြစ် မွေးလာခဲ့တယ်ဆိုတဲ့ အွန်လိုင်းကောလာဟလကို နှစ်ရှည်လများ ဖြန့်ဝေခဲ့တဲ့ သူ ၁၀ ဦးကို ပြင်သစ်တရားရုံးတစ်ခုက ကြားနာစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။
တရာခံ ၁၀ ဦးထဲမှာ ကွန်ပျူတာသိပ္ပံပညာရှင်တွေပါသလို ဒုက္ခိတတွေလည်း ပါပါတယ်။ သူတို့က တွစ်တာ ( ယခု အိတ်စ် မီဒီယာ) လို ဆိုရှယ်မီဒီယာတွေပေါ်မှာ အချိန်ဖြုန်းနေတဲ့သူတွေပဲ ဖြစ်ပါတယ်။ သူတို့က သမ္မတကတော်ကို လိင်ပြောင်းထားတယ် ဆိုပြီး သတင်းစကားတွေကို မကြာခဏ ပို့စ်တင်တတ်တဲ့သူတွေဖြစ်ပြီး သမ္မတကတော် ငယ်ငယ်တုန်းက သူ့အကိုနဲ့ အတူတူ နေထိုင်ခဲ့တာပါ ဆိုပြီး ရေးတင်ကြတာပါ။ ဒါတွေကို မီဒီယာတွေက ဖုံးကွယ်ထားတာဆိုပြီး တော့လည်း ပြောကြပါတယ်။
မာခရွန်ရဲ့ သမီးကြီး တစ်ဖနီအဇူရီက တရားစွဲဆိုခဲ့တာဖြစ်ပြီး ပါရီမြို့က တရားရုံးမှာ ဆိုက်ဘာအနိုင်ကျင့်မှုနဲ့ ၂ ရက်ကြာ ရုံတင်စစ်ဆေးမှုတွေကို လုပ်ခဲ့ပါတယ်။ တရားခံတွေကတော့ တရားရုံးတွင် ၎င်းတို့က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကိုးကားပြီး ရေးသားချက်များကို သရော်စာအဖြစ် သို့မဟုတ် အများသူငှာ ဆွေးနွေးငြင်းခုံမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရည်ရွယ်ထားကြောင်း ချေပခဲ့ပါတယ်။
အဇူရီက သူမရဲ့ မိခင်က ကောလာဟလများကို စဉ်ဆက်မပြတ် လျစ်လျူမရှုနိုင်ဘဲ ပုံမှန်ဘဝအတိုင်း နေထိုင်ဖို့က မဖြစ်နိုင်ကြောင်း သက်သေအဖြစ်ထွက်ဆိုခဲ့ပါတယ်။ ကောလာဟလကြောင့် သူမရဲ့ မိခင်က အများပြည်သူ ရှေ့မှောက်မှာ သတိထားဖြစ်လာနေတယ်လို့လည်း ပြောပါတယ်။
ဘရစ်ဂျစ်မာခရွန် နဲ့ ပတ်သက်တဲ့ ကောလာဟလတွေက ၂၀၂၁ ခုနှစ်တွင် ပေါ်ထွက်ခဲ့ပြီး ပြင်သစ်အမျိုးသမီးနှစ်ဦးဖြစ်တဲ့ လွတ်လပ်သောသတင်းထောက်တစ်ဦး နဲ့ နတ်ဝင်သည်တစ်ဦး ဆီကနေ ပျံ့နှံ့ခဲ့တာပါ။ ၎င်းတို့က ၎င်းတို့ရဲ့ ဖေ့စ်ဘုတ်ကောင့်တွေ ယူကျူ့အင်တာဗျူးတွေမှာ အဲ့ဒိအကြောင်းကို ဖြန့်ခဲ့တာပါ။
ပြင်သစ်သမ္မတ မာခရွန်တို့ ဇနီးမောင်နှံက ၂၀၀၇ ခုနှစ်ကတည်းက လက်ထပ်ခဲ့ပြီး ၎င်းတို့ရဲ့ဆက်ဆံရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများ အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပါတယ်။ ဘရစ်ဂျစ်က အရင်အိမ်ထောင်နဲ့ ကလေး ၃ ယောက် မြေး ၇ ယောက်ရခဲ့ပါတယ်။
REF: RT
ttps://t.me/MyanmarNationalPost

No comments:
Post a Comment