ကြံခင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ




ကြံခင်း၊ အောက်တိုဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပေးလျက်ရှိသည်။

အဆိုပါ ပြိုင်ပွဲကို အခြေခံပညာမူလတန်းအဆင့်နှင့် အထက်တန်းအဆင့်တွင် အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်အား ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အင်္ဂလိပ်စာ ဘာသာရပ်အား Grade-5 မှ ကျား ၄ ဦး၊ မ ၆ ဦး၊ Grade-6 မှ ကျား ၆ ဦး၊ မ ၁၁ ဦး၊ Grade-7 မှ ကျား ၆ ဦး၊ မ ၁၁ ဦး၊ Grade-8 မှ ကျား ၃ ဦး၊ မ ၁၀ ဦး၊ Grade-9 မှ ကျား ၂ ဦး၊ မ ၅ ဦး၊ သင်္ချာဘာသာရပ် အား Grade-5 မှ ကျား ၇ ဦး၊ မ ၆ ဦး၊ Grade-6 မှ ကျား ၉ ဦး၊ မ ၁၃ ဦး၊ Grade-7 မှ ကျား ၅ ဦး၊ မ ၁၄ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၁၈ ဦးဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ထို့သို့ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ဘာသာရပ်များ ဖြေဆိုနေမှုတို့ကို ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဦးခင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးနှင့် တာဝန်ဝန်ရှိက သူများက လှည့်လည်ကြည့်ရှုအားပေးကြသည်။ ၎င်းပြိုင်ပွဲများအား အောက်တိုဘာ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း စွမ်းရည်ပြိုင်ပွဲကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)