မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ပွဲတော်များ စုံလင်စွာဖြင့် စီစဉ်ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ပွဲတော်များ စုံလင်စွာဖြင့် စီစဉ်ကျင်းပမည်



နေပြည်တော်၊ အောက်တိုဘာ ၃၀

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ပူဇော်ထားရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင် ပူဇော်ပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်များနှင့် အတူ တေးဂီတနှင့် ဇာတ်သဘင် ဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲတော်တို့ဖြင့် နိုဝင်ဘာလ(၂)ရက်မှ (၄)ရက်နေ့အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပမည်ဖြစ်သည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်တွင် ဝတ်ရွတ်အသင်းများ ရွတ်ဖတ်ပူဇော်ပွဲ၊ ဆီမီး (၉၀၀၀) ထွန်းညှိကပ်လှူပူဇော်ပွဲနှင့် LED မီးများဖြင့် အလှဆင် ပူဇော်မှုများအပြင် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ၊ ညမီးကျည်နှင့် စိန်နားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ပြိုင်ပွဲများဖြင့် စီစဉ်ကျင်းပမည်ဖြစ်ပြီး မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ် ပြိုင်ပွဲများအတွက် ဆုချီးမြှင့် ပွဲကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်သည်။

ထို့အပြင် ညပိုင်း ဈေးရောင်းပွဲတော်ကို MSME ထုတ်ကုန်ဈေးဆိုင်ခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာများ၊ ဒေသထွက်ကုန်များနှင့် ဈေးဆိုင်ခန်းမျိုးစုံ စုစုပေါင်း (၃၀၀)ကျော်တို့ဖြင့် ဖွင့်လှစ်ရောင်းချ ကြမည်ဖြစ်ပြီး ရဟတ်၊ ပင်လယ်ဓားပြလှေ၊ ပျော့အိ၊ ကလေးစီးကားနဲ့ ရထားဝိုင်း၊ ကလေးစီး လှုပ်စိနှင့် ဒုံးစသည့် ကစားနည်းများအပြင် နိုင်ငံကျော်တေးသံရှင်များဖြစ်ကြသည့် ကိုင်ဇာ၊ ဝေလ၊ နေမင်းအိမ်၊ လွှမ်းပိုင်၊ ရွှေထူး၊ ဂျီလတ်၊ ဝေကြီး၊ ဟဲလေး၊ ဖြိုးကြီး၊ ဖော်ဝေး၊ ဂျိုးလေး၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း၊ ချယ်ရီသင်း၊ စန္ဒီမြင့်လွင်၊ ရတနာမိုင်၊ အိုင်းရင်းဇင်မာမြင့်၊ ဆုထက်လှိုင်၊ မိစန္ဒီ၊ သားစိုး၊ သံသာမိုးသိမ့်နှင့် နန်းဆုရတီစိုး စသည့်နာမည်ကြီး အဆိုတော်များက Hi Bird Music Band နှင့် Runner Music Band တို့၏ တီးခတ်မှုနှင့်အတူ ညစဉ် သီဆိုဖျော်ဖြေကြမည်ဖြစ်သကဲ့သို့ နိုင်ငံကျော် ဇာတ်မင်းသား ဖိုးချစ် ဇာတ်သဘင်၏ ညစဉ်ကပြတင်ဆက်မှုတို့ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)