မြောက်ဥက္ကလာပမြို့နယ်၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိ







မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်၇၀ နှင့်အထက် သက်ကြီးဘိုးဘွားများအား  ကျန်းမာရေး အသိပညာပေးခြင်း နှင့်   သွေးတိုး နှင့် ဆီးချိုရောဂါရှိသူများအား  ကျန်းမာ ရေး စောင့်ရှောက်မှု ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲတွင်ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှုများပေးရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေး ၀န်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် ရောက်ရှိလာကြသော  ဆီးချို ၊ သွေးတိုးရောဂါ ခံစားနေရသော သက်ကြီးဘိုးဘွားများအားကျန်းမာရေး ဗဟုသုတများအား   အသိပညာပေး ဟောပြောပေးခြင်း ၊   တီဘီရောဂါနှင့် ပတ်သတ်၍   အသိပညာ ပေးခြင်း ၊ကျန်းမာရေး၀န်ထမ်းများက  သက်ကြီးဘိုးဘွားများအား အသက်ကြီး ပုဂ္ဂိုလ်စောင့်ရှောက်ရေးလုပ်ငန်းများ စမ်းသပ် စစ်ဆေးခြင်း၊ ဆီးချို ၊ သွေးချို ၊ သွေးတိုး ရောဂါစစ်ဆေးခြင်း နှင့် လိုအပ်သည့်ဆေး၀ါးများအား ထောက်ပံ့ပေးအပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)