မိသားစုတွေ ပြန်ဆုံတွေ့ခွင့်ပြုပေးဖို့ တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားကိုတောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိသားစုတွေ ပြန်ဆုံတွေ့ခွင့်ပြုပေးဖို့ တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားကိုတောင်းဆို





အောက်တိုဘာ - ၄ ( စနေနေ့ )

တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအတွင်းက ကွဲကွာသွားခဲ့တဲ့ မိသားစုများအား ပြန်လည်ပေါင်းစည်းခြင်း သို့မဟုတ် စာများဖလှယ်ခွင့်ပြုရန် မြောက်ကိုရီးယားအား မနေ့က တောင်းဆိုလိုက်ပါတယ်။

ကိုရီးယားရဲ့ အရေးအကြီးဆုံး အားလပ်ရက်များထဲမှ တစ်ခုဖြစ်တဲ့ ဆောင်းဦးအလယ်ပိုင်းပွဲတော်မတိုင်မီ မြောက်ဘက်မှာ ဆွေမျိုးများရှိတဲ့ သက်ကြီးရွယ်အိုများ နဲ့ တွေ့ဆုံစဉ် အထက်ပါ တောင်းဆိုမှုကို လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

"လူသားချင်းစာနာမှုရှုထောင့်ကနေ ဒီကံဆိုးတဲ့အခြေအနေတွေကို စဉ်းစားဖို့ မြောက်ကိုရီးယားကို အလေးအနက်တိုက်တွန်းပါတယ်" လို့ မြောက်ကိုးရီးယားကို လှမ်းကြည့်လို့ရတဲ့ အင်ချွန်းမြို့ရှိ ဂေါင်ဟွာ ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးဌာနတွင် လီက ပြောကြားခဲ့ပါတယ်။ 

“ဝမ်းနည်းစရာကောင်းတာက ကွဲကွာသွားတဲ့ ဒီမိသားစုတွေဟာ သူတို့ ဆွေမျိုးတွေရဲ့ ကံကြမ္မာကို အတည်ပြုပြီး အနည်းဆုံးတော့ စာတွေဖလှယ်နိုင်စေဖို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်အားလုံးမှာ တာဝန်ရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ သမ္မတရုံးက ထုတ်ပြန်သလို မိသားစုများ လူကိုယ်တိုင် ပြန်လည်တွေ့ဆုံနိုင်စေခြင်းက အကောင်းဆုံးဖြစ်သင့်တယ်လို့လည်း ဆိုပါတယ်။ 

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် ၂၀၀၀ ပြည့်နှစ်ကတည်းက မိသားစုပြန်လည်ဆုံဆည်းမှု ၂၁ ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လတုန်းကတော့ နောက်ဆုံးအကြိမ် ဖြစ်ပါတယ်။ အကြောင်းကတော့ ၂ နိုင်ငံကြား စစ်ရေးတင်းမာမှုတွေ ဖြစ်လာခဲ့လို့ပါ။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)