မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်‌တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်‌တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ



မိုင်းရယ်၊ အောက်တိုဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ကြေညာထားရှိမှုများအား ယနေ့နံနက်(၉)နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးစိုးမင်း‌အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျေးရွာမဲရုံများတွင် မဲစာရင်းလာရောက် ကြည့်ရှုမှုများအား လိုက်လံကြည့်ရှုပါသည်။

နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးစိုးမင်း‌အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မန်ပုံကျေးရွာ၊ မန်ဖျက်ကျေးရွာ အုပ်စု၊ နားခိုကျေးရွာအုပ်စုများရှိ မဲရုံများတွင် ပြည်သူများ မဲစာရင်းများ လာရောက်ကြည့်ရှုခြင်း၊ အမည်စာရင်းမပါရှိမှုများအား လျှောက်ထားခြင်းများကို ကွင်းဆင်းကြည့်ရှုပြီး ပြည်သူများ သိရှိလိုသည်များအား ရှင်းလင်းပြောကြားပေးပါသည်။ မိုင်းရယ်မြို့နယ်အတွင်း ၂၀၂၅ခုနှစ် ရွေးကောက်ပွဲတွင် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃)အုပ်စုတွင် မဲရုံ(၂၉)ရုံတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ကြေငြာထားကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)