ကျောက်မဲ၊ အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း က TNLA/PDF အကြမ်းဖက်ဘေးအန္တရာယ်များကြောင့် အတိဒုက္ခရောက်ခဲ့ရသည့် ကျောက်မဲမြို့ခံ ပါတီဝင်များအား ၁၂-၁၀-၂၀၂၅ရက်နေ့က တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ ဒေါက်တာကျော်ထွန်း (ပြည်နယ်ဝန်းကြီးချုပ်ငြိမ်း)၊ ကျောက်မဲခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းထိုက်ဇော် တို့သည် ကျောက်မဲမြို့ ရပ်ကွက် (၂)၊ ရန်ကင်းဓမ္မာရုံတွင်ပါတီဝင်များအား တွေ့ဆုံအားပေးစကားပြောကြားပြီး ပါတီဝင်(၁၄၀)ဦးအား တစ်ဦးင်(၅၀၀၀၀)ကျပ်နှုန်း၊ မြို့နယ်ပါတီကော်မတီဝင်(၃)ဦးအား(၁)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း(၇၃)သိန်းကျပ်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပါတီဌာနချုပ်မှ ထောက်ပံ့ပေးအပ်သည့် (၅၅)သိန်းကျပ်ကိုလည်း ပါတီဌာနချုပ်ကိုယ်စား ထပ်မံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment