မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၀င်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တာ၀န်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်ကြစလိုကြောင်း နှင့် မြို့နယ်သန့်ရှင်းသာယာလှပရေး၊ဌာနဆိုင်ရာများအပါတ်စဉ်သန့်ရှင်းရေးဆောင် ရွက်နေမှုအခြေအနေများ၊ မိမိတို့မြို့နယ်အတွင်း လုပ် ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်း ဆောင်ရွက်စေလိုကြောင်းစသည့် တို့ကိုပြောကြားခဲ့ပြီး ဌာနများအလိုက် မိမိတို့၏ အခက်အခဲများ နှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြလို ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၊ ဌာနများအလိုက် လုပ်ငန်းများ ဆောင်ရွက်မှုများ နှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများအားတင်ပြကြရာ၊ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost

No comments:
Post a Comment