တောင်ငူမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ငူမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ




တောင်ငူ  ၊ အောက်တိုဘာ ၃


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းကို စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ စတင်ကြေညာထားကြောင်း သိရသည်။


အဆိုပါမဲဆန္ဒရှင်များစာရင်းကြေညာခြင်းကို စက်တင်ဘာလ(၃၀)ရက်နေ့မှ အောက်တိုဘာလ (၁၃)ရက်နေ့အထိ (၂)ပတ်ကြာ ကြေညာမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးမည့်စာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်တောင်းဆိုရမည်ဖြစ်ကြောင်း၊ မိမိအမည်၊ မှတ်ပုံတင်အမှတ်၊ အဘအမည် စသည့်အချက်အလက်များကွဲလွဲနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်ရမည်ဖြစ်ပြီး ၎င်းပုံစံများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲထံမှ အခမဲ့ထုတ်ယူနိုင်ကြောင်း တောင်ငူမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။


တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ၌ မဲဆန္ဒရှင်စာရင်းများကြေညာထားမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ပေါင်းစပ် ညှိနှိုင်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)