ရေးမြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT) ထိုးနှံပေးမှုတာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေးမြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT) ထိုးနှံပေးမှုတာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး




ရေး အောက်တိုဘာ ၃


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT)ထိုးနှံပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီကအမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ရေးမြို့နယ်၊ တပ်နယ်မှူးဗိုလ်မှူးကြီးကောင်းဇော်မြင့်က အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်မျိုးထက်က ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပေးသည်။


ထို့နောက်အသက် ၉ နှစ်ပြည့်ပြီး ၁၀ နှစ်မကျော်သော ကျောင်းသူ Grade-3 မှ ၁၄ ဦးနှင့် Grade-4 မှ ၅၅ဦးတို့အား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းနှင့် အသက် ၅ နှစ်ပြည့်ပြီး ၇ နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူ၄၆ဦးတို့အား ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး (DT)ထိုးနှံပေးနေမှုကိုရေးမြို့နယ်၊ တပ်နယ်မှူးဗိုလ်မှူးကြီး ကောင်းဇော်မြင့်၊ (ခေတ္တ)ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်ဇင်လတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး အားပေးစကားပြောကြားခဲ့သည်။


ထို့အတူ ရေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေးကို ကျောင်းသားကျောင်းသူ ၃၈၇၉ ဦးနှင့် သားအိမ်​ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ကျောင်းသူ ၂၀၂၈ ဦးတို့အား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)