ကန့်ဘလူမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များ စုပေါင်းကထိန်အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များ စုပေါင်းကထိန်အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ




ကန့်ဘလူ  ၊ အောက်တိုဘာ ၂၆


စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့၌  တိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော် မိသားစုနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို အောက်တိုဘာ ၂၆ ရက်နံနက် ၈ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။


ကထိန်အလှူတော်ကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်မိသားစု၊ အလှူရှင်များ၊ ဒေသခံပြည်သူများအစရှိသည့် အလှူရှင်မိသားစုများ လှူဒါန်းထားသည့် ငွေပဒေသာပင်များကို မြို့အတွင်း လှည့်လည်ပူဇော်သည်။


ဆက်လက်၍ ကထိန်အလှူတော်မင်္ဂလာရေစက်ချအခမ်းအနားကို မဟာသန္တာရုံကျောင်းတိုက်တွင်ကျင်းပရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္တောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်အရှင်သူမြတ်တို့က ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်မြတ်တို့ကို နာယူကြည်ညိုကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြည်ညို၍ ရေးစက်အမျှပေးဝေခဲ့ကြောင်းနှင့် အဆိုပါကထိန်အလှူတော်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် မိသားစုတို့က လှူဒါန်းငွေကျပ် သိန်း ၁၅၀၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေကျပ်သိန်း ၁၅၀ စုစုပေါင်းကျပ် သိန်း ၃၀၀ လှူဒါန်းခဲ့ကြောင်းသိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)