နောင်ချိုမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်-၃ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်-၃ကွင်းဆင်းဆောင်ရွက်




နောင်ချို   ၊ အောက်တိုဘာ ၂၆


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်-၃ ဖြင့် အောက်တိုဘာ ၂၅ရက်က အထက(၁) ၌ ဇီဝအချက်အလက်များကောက်ယူ၍ e-ID ကတ်များ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိ ဦးနေလင်းအေးနှင့် ဝန်ထမ်းများကပန်းခင်းစီမံချက် အဆင့်-၃ဖြင့် အထက(၁)နှင့်အထက(၂)မှ ကျောင်းသား ၅၆ ဦး၊ ကျောင်းသူ ၈၄ ဦး စုစုပေါင်း ၁၄၀  တို့အား e-ID စမတ်ကတ်များ ဆောင်ရွက်ပေးခဲ့ကြသည်။

နောင်ချိုမြိုနယ် ဦးစီးမှူးရုံးအနေဖြင့် မြို့နယ်အတွင်းကျေးရွာအုပ်စုများနှင့် အခြေခံပညာ ကျောင်းများသို့ပန်းခင်းစီမံချက်အဆင့်-၃ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)