မိုးညှင်းမြို့နယ် ဆင်ဘိုကုန်းကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေမှုအခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့နယ် ဆင်ဘိုကုန်းကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေမှုအခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး




မိုးညှင်း  ၊ အောက်တိုဘာ ၁၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ဆင်ဘိုကုန်းကျေးရွာ၌ ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေမှုအခြေအနေများကို ယမန်နေ့နံနက်(၁၀)နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေးကော်မတီဝင်များနှင့်အတူ အဆိုပါလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး မြို့နယ်ဦးစီးမှူးက ၎င်းကွင်းဆင်းစစ်ဆေးမှုနှင့်ပတ်သက်၍ ၎င်းလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်တတ်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆင်ဘိုကုန်းကျေးရွာ၌ လေးလက်မအကျယ်ရှိ တွင်းနက်ပေ(၃၀၀) စက်ရေတွင်းတစ်တွင်းတူဖော်ရာတွင် ရေဂါလံ(၂၄၀၀)ဆံ့ အမြှင့်တင်ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ဂျိန်းဖောဧရာဝတီကုမ္ပဏီလီမီတက်မှ ယခုဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၆ ဒဿမ ၅၆၃ ဇွန်လဒုတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနိုင်မှုကြောင့် ဆင်ဘိုကုန်းကျေးရွာတွင် အိမ်ခြေ(၆၅)အိမ်နှင့် လူဦးရေ(၂၉၁)ဦးအပြင် ကျွဲ၊ နွား တိရစ္ဆာန်များပါ သောက်ရေသုံးရေများ ဖူလုံစွာသုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။


ရွှေမိုးညှင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)