အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 



နယူးဒေလီ၊ အောက်တိုဘာ ၂၃

အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံသို့ လေ့လာရေး ခရီးရောက်ရှိနေသည့် မြန်မာနိုင်ငံ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ ဒုတိယ ကျောင်းအုပ်ကြီး၊ သင်တန်းအမှတ်စဉ် (၂၄/၂၀၂၅)မှ  နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ၂၁-၁၀-၂၀၂၅ ရက်နေ့၊ (၁၀ ၀၀)နာရီအချိန်တွင် မြန်မာသံရုံး၊ နယူးဒေလီမြို့၌ လက်ခံတွေ့ဆုံ၍ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အထွေထွေဆွေးနွေးရှင်းလင်း ပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် မြန်မာသံအမတ်ကြီးက ကိုယ်စားလှယ်အဖွဲ့အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)