ငါန်းဇွန်မြို့နယ်၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ လိုက်လံကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့နယ်၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ လိုက်လံကွင်းဆင်းစစ်ဆေး




ငါန်းဇွန်  ၊ အောက်တိုဘာ ၁၆


မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းသည် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်များလိုက်ပါလျက်  အောက်တိုဘာ ၁၄ ရက် နံနက် (၁၀) နာရီအချိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများမှ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းခွင်များအား လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းသည် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်များလိုက်ပါလျက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ပြည်သူ့ဆေးရုံ အုတ်တံတိုင်းကာရံခြင်း၊ Chain Link ပြုလုပ်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းနှင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များသည် တည်ဆောက်ရေးလုပ်ငန်းခွင်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)