ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိသော ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားမှုများအား ပယ်ဖျက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိသော ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားမှုများအား ပယ်ဖျက်လျက်ရှိ


နေပြည်တော်၊ အောက်တိုဘာ ၁၆

ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းသွင်းထားသူတချို့ ပညာရေးဆိုင်ရာ သတ်မှတ်ချက်တွေကို လိမ်ညာတင်ပြမှုတွေ ရှိတယ်လို့ ကြားသိရသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အား မြန်မာနေရှင်နယ်ပို့စ် မှ ဆက်သွယ်မေးမြန်းရာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိသော ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားမှုများအား ပယ်ဖျက်လျက်ရှိကြောင်း ဖြေကြားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က "ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရာတွင် ပူးတွဲတင်ပြရမည့် ပညာအရည်အချင်း ဆိုင်ရာ အထောက်အထားများ ( ဘွဲ့လက်မှတ်မိတ္တူ၊ ၁၀တန်းလက်မှတ်မိတ္တူ၊ ကျောင်း ထောက်ခံချက်) စသည်များနှင့် စပ်လျဉ်း၍ အငြင်းပွား၊ ကန့်ကွက်ခြင်းနှင့် အတည်ပြု စစ်ဆေးရန် လိုအပ်ခြင်းများ တွေ့ရှိပါက သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပေးပို့စိစစ်အတည် ပြုချက်ရယူဆောင်ရွက်ပါကြောင်း၊ ကိုယ်စားလှယ်လောင်းအမည်စာရင်းများ စိစစ်ရာတွင် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများ၏ စိစစ်တွေ့ရှိချက်အရလည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၏ စိစစ်တွေ့ရှိချက်များအရ လည်းကောင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိပါက အမည်စာရင်း တင်သွင်းထားမှုအား ပယ်ဖျက်လျက်ရှိပါကြောင်း ဖြေကြားသည်။ 

စိစစ်အတည်ပြု ပြီးပါက သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည် စာရင်းများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေကြားထားသည်။

 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)