ပုဗ္ဗသီရိမြို့နယ်အတွင်း မဲစာရင်းအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်အတွင်း မဲစာရင်းအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



နေပြည်တော်၊ အောက်တိုဘာ ၁၆

ပုဗ္ဗသီရိမြို့နယ်အတွင်း မဲစာရင်းအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်က အမှာစကားပြောကြားရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးအောင် ဆောင်ရွက်ရမှာဖြစ်သည့်အတွက် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက်လည်း အလေးထားဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၂၁ ရက်နေ့အထိ  ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများအထိ မဲစာရင်းကို ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေးသည် အရေးကြီးတဲ့ လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးရဖို့အတွက်လည်း အဓိကဆောင်ရွက်ရမှာဖြစ်သည့်အတွက် မဲစာရင်းမှန်ကန်ရေး တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးနိုင်ရေးအတွက် ပုံစံ(၁၅)ဖြင့် ကြိုတင်မဲတောင်းဆိုနိုင်သလို လက်ရှိ ရောက်ရှိနေသည့်နေရာများတွင် (၃-က)ဖြင့် တောင်းဆိုကာ မဲစာရင်းတွင်ပါဝင်ရေး စသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


အောင်ကို (ပုဗ္ဗသီရိ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)