ဟင်္သာတ၊ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဝင်များ ဗဟိုအဆင့် သွားရောက်ယှဥ်ပြိုင်၍ ပြန်လည်ရောက်ရှိလာမှုအား ကြိုဆိုဂုဏ်ပြုပွဲကို အောက်တိုဘာ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ ဟင်္သာတခရိုင်ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဝင်များ ဗဟိုအဆင့် သွားရောက်ယှဥ်ပြိုင်၍ ပြန်လည်ရောက်ရှိလာမှုအား ကြိုဆိုခဲ့ပြီး ပြိုင်ပွဲဝင်များအား လ္ဘက်ရည်၊ မုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။ ထို့နောက် ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးလှိုင်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ ဗဟိုအဆင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသော ထူးချွန်ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအား ကြိုးစားယှဥ်ပြိုင်ခဲ့ကြသည့်အတွက် ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အဘက်ဘက်မှ ပြိုင်ပွဲဝင်များ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး ပံ့ပိုးကူညီ ဆောင်ရွက်ခဲ့ကြသော အုပ်ချုပ်သူ၊ နည်းပြ၊ အုပ်ထိန်းသူတို့အားလည်း ကျေးဇူးတင်ရှိပါကြောင်း၊ နောင်နှစ်များတွင်လည်း ပြိုင်ပွဲဝင်များအနေဖြင့် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး ကြိုဆိုဖိတ်ခေါ်လျက်ရှိပါကြောင်း ဂုဏ်ပြုကျေးဇူးတင် ဝမ်းမြောက်စကားများ ပြောကြားခဲ့သည်။
ထို့နောက် ဆုရပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်သူ၊ နည်းပြများမှ မိမိတို့ ခရိုင်မှ ဆုရရှိမှုအခြေအနေများ နှင့် ပြိုင်ပွဲအတွေ့အကြုံများအား ပြန်လည် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment