ကြံခင်း၊ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမတွင် ယနေ့ နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများအား မြန်မာအီလက်ထောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ကြသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမြင့်လှိုင်နှင့် တာဝန်ရှိသူများက မြန်မာအီလက်ထောနစ်မဲပေးစက် (MEVM) ဆိုင်ရာဖွဲ့စည်းပုံအဆင့်ဆင့်နှင့် ပတ်သက်၍ မိတ်ဆက် ရှင်းလင်းပြောကြားပြီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများက (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးကြသည်။
ထိုသို့ လက်တွေ့မဲပေးဆောင်ရွက်နေမှုများအား မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင်၊ မြို့နယ်လဝက ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း၊ အဖွဲ့ဝင် ဦးကျော်ကျော်၊ မြို့နယ်စီမံကိန်း ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုမာဝင်း၊ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးရဲနိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် ဦးမြင့်လှိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ ကြကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment