တပ်မတော်သားတွေ မရှိရင် PDF တွေ ဆက်ကြေးတက်ကောက်တယ် (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်သားတွေ မရှိရင် PDF တွေ ဆက်ကြေးတက်ကောက်တယ် (အိတ်ဖွင့်ပေးစာ)


မုံရွာ-မန္တလေးလမ်း တပ်ဂိတ်ရှိတဲ့ နတ်ရေကန်ရွာနဲ့ ဂွေးပင်တောရွာ အကြားလမ်းပိုင်း ရေပိုးစားကန်ဘုန်းကြီးကျောင်းတဝိုက် PDF အကြမ်းဖက်သမား အင်အား ၁၀၀ ဝန်းကျင်လောက်ရှိမယ်။ ၂ ယောက်တစ်ဂိတ်၊ ၃ ယောက်တစ်ဂိတ် ဆွမ်းလောင်းပွဲလိုပဲ ထည့်သွားရတယ်။ 

၁၄ ရက်နေ့တုန်းကတော့ နတ်ရေကန်ဂိတ်က စစ်သားတွေက လမ်းအလယ်ကလျှောက် ကားတွေက ဘယ်ညာရန် မိုင်းရှင်းရင်းဖြေးဖြေးသွားတယ်။ အဲ့လိုအချိန်ကြရင် PDF အကြမ်းဖက်သမားမရှိ။ ဒီနေ့လိုမျိုးကျ PDF အကြမ်းဖက်သမားတွေပေါ။ ကြာလေ များလေဖြစ်လာတယ်။ ပိုက်ဆံလိုလျှင် လမ်းပေါ်တက်ဖြစ်နေတာ။ တပ်မတော်သားတွေ မရှိရင် PDF အကြမ်းဖက်သမား ရှိတယ်။ တပ်မတော်သားတွေ ရှိရင် PDF အကြမ်းဖက်သမား မရှိဘူး။ မနေရဲဘူး။ တပ်မတော်သားတွေ ဘုန်းကြီးကျောင်းဂိတ်ထိုင်တဲ့နေ့ PDF အကြမ်းဖက်သမား မထွက်ဘူး။ မထိုင်တဲ့နေ့ PDF အကြမ်းဖက်သမားတွေ ထွက်တယ်။ 

PDF အကြမ်းဖက်သမားကို ပေးရတဲ့ ငွေဟာ တိုင်းဖျက် ပြည်ဖျက်လုပ်ဖို့ ထောက်ပံ့လိုက်ရသလိုပဲ။ မပေးဘဲလည်း သွားမရဘူး။


ဒေသခံ တစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)