တန့်ယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ




တန့်ယန်း  ၊  အောက်တိုဘာ ၁၅


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် Grade- 5၊ Grade- 6၊ Grade- 7၊ Grade- 8၊ Grade- 9 များ၏ သင်္ချာနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့နံနက် ၉ နာရီမှ စတင်၍ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ သင်္ချာနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲအား အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလွင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းစံထွန်းနှင့်တာဝန်ရှိ ဆရာ၊ ဆရာမများက ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်္ချာစွမ်းရည် ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၄)ဦး၊ ဝင်ရောက် ဖြေဆိုကြကာ မွန်းလွဲပိုင်းတွင် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ၏ ကျပန်းစကားပြောပြိုင်ပွဲကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။


မင်းလွင်ဦး(တန့်ယန်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)