ကြံခင်းမြို့၌ (၁၄၇) ကြိမ်မြောက် တာဝတိံသာဘုရားဆင်းပွဲတော်နှင့် ဗုဒ္ဓပူဇနိယ ဝါကျွတ်မီးထွန်းပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများဖြင့် စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့၌ (၁၄၇) ကြိမ်မြောက် တာဝတိံသာဘုရားဆင်းပွဲတော်နှင့် ဗုဒ္ဓပူဇနိယ ဝါကျွတ်မီးထွန်းပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများဖြင့် စည်ကားလျက်ရှိ








ကြံခင်း၊ အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၄၇) ကြိမ် မြောက် တာဝတိံသာဘုရားဆင်းပွဲတော်နှင့် ဗုဒ္ဓပူဇနိယဝါကျွတ်မီးထွန်းပွဲတော်ကို သီတင်းကျွတ် လဆန်း(၈)ရက်နေ့မှ စတင်၍ ဈေး‌ရောင်းပွဲတော်ကြီးနှင့်အတူစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ ရာ အောက်တိုဘာလ ၅ ရက်နေ့ညတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် အထူး စည်းကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကြီးကို သာသနာတော်နှစ်(၂၅၆၉)နှစ်၊ ကောဇာသက္ကရာဇ်(၁၃၈၇)ခုနှစ်၊ သီတင်းကျွတ်လဆန်း(၈) ရက်နေ့မှစတင်၍ သီတင်းကျွတ်လပြည့်ကျော်(၂)ရက်နေ့ နှစ်စဉ်ကျင်းပ လျက်ရှိရာ ဘုရားပွဲတော်တွင် အရုပ်ဆိုင်များ၊ မုန့်မျိုးစုံဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ ကလေးများ အတွက် ပျော်ရွှင်ဖွယ်ရာ (ရွှေညီအစ်ကို) ပင်လယ်ဓားပြလှေ၊ ရဟတ်များ၊ ကလေးကစားစရာပျော့အိ ကလေးကစားစရာမျိုးစုံတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ပျူခေတ္တရာ ဂီတပဒေသာ ကပွဲတို့ဖြင့် တာဝတိံသာဇာတ်ရုံကြီးတွင် အောက်တိုဘာ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ အခမဲ့ဖျော်ဖြေ ပေးလျက်ရှိသည်။

ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ ဘုရားစေတီပုထိုးတော်များ၊ ဌာနဆိုင်ရာ ရုံးဌာနများနှင့် နေအိမ် အဆောက်အဦများတွင် ဂေါတမမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရည်မှန်းကာဆီးမီးများ ဖြင့် ပူဇော်လျက်ရှိကြသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)