ဆူဒန်မှာ ယူကရိန်း ကြေးစားစစ်သားတွေ အများအပြား အသတ်ခံလိုက်ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆူဒန်မှာ ယူကရိန်း ကြေးစားစစ်သားတွေ အများအပြား အသတ်ခံလိုက်ရ


အောက်တိုဘာ - ၅ ( တနင်္ဂနွေနေ့ ) 

ဆူဒန်အစိုးရစစ်တပ်( SAF )က ယူကရိန်းကြေးစားစစ်သားများအပါအဝင် နိုင်ငံခြားသား တိုက်ခိုက်ရေးသမား တော်တော်များများ ကိုသုတ်သင်နိုင်ခဲ့တယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဆူဒန်နိုင်ငံမှာက အစိုးရစစ်တပ် (SAF) နဲ့ အရန်စစ်တပ်( RSF)ကြား ဖြစ်ပွားတဲ့ ပြည်တွင်းစစ်က နှစ်ပေါင်းများစွာကြာလာပါပြီ။ 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဒါဖာမြို့ မြောက်ပိုင်းမှာရှိတဲ့  အယ်လ်ဖာရှာမြို့ကို RSF တွေက သိမ်းပိုက်ထားတာကို SAF တပ်တွေက ထိုးစစ်ဆင်ပြီး ပြန်သိမ်းတဲ့ တိုက်ပွဲတွေအတွင်း သတ်ဖြတ်မှုအများအပြား ဖြစ်ပွားခဲ့တယ် လို့ ဆိုပါတယ်။ SAF အမှတ် ၆ ခြေလျင်တပ်မ နဲ့ မဟာမိတ်တပ်တွေ ပေါင်းပြီးတိုက်တဲ့ အထူးစစ်ဆင်ရေးကြောင့်  RSF တပ်ဖွဲ့များအပေါ်  “အသက်နှင့် ပစ္စည်းကိရိယာများ ကြီးမားစွာ ဆုံးရှုံး” စေခဲ့တယ်လို့ ဆိုပါတယ်။ 

ကိုလံဘီယာ နဲ့ ယူကရိန်းမှ ကြေးစားစစ်သားတွေက ဒရုန်းတွေနဲ့  အီလက်ထရွန်းနစ်စနစ်တွေ ကို ကိုင်တွယ် သုံးပေးကြပါတယ်။ နောက်ပြီး တော့ အင်ဂျင်နီယာ လုပ်ငန်းတွေလည်း လုပ်ပေးကြတယ်။ သူတို့က အယ်လ်ဖာရှာမြို့ကို စိမ့်ဝင်ပြီး သိမ်းပိုက်ခဲ့တာပါ လို့ SAF က ဆိုပါတယ်။ 

ဆူဒန်တွင် ပြင်းထန်သောတိုက်ပွဲတွေက ၂၀၂၃  ဧပြီလတွင်ဖြစ်ပွားခဲ့ပြီး SAF ကို အဘ်ဒယ် ဖာတာအယ်လ် ဘာဟန်က ဦးဆောင်ပြီး  RSF ကို ဟီမက်တီ လို့ ခေါ်တဲ့ မိုဟာမက် ဟမ်ဒန် ဒါဂါလို က ဦးဆောင်ပါတယ်။ ၎င်းတို့နှစ်ဦးက ၂၀၁၉ ခုနှစ် လူထုအုံကြွမှုအပြီး ဖွဲ့စည်းထားတဲ့ အသွင်ကူးပြောင်းရေးအစိုးရတွင် အာဏာခွဲဝေယူခဲ့ကြပေမဲ့  အရပ်သားအုပ်ချုပ်မှုကို ထိန်းချုပ်ရန် အပြိုင်အဆိုင် ဖြစ်ရင်း တိုက်ပွဲတွေကို ဖော်ဆောင်ခဲ့ကြတာပါ။ စစ်ပွဲကြောင့် သောင်းနဲ့ချီပြီး သေဆုံးခဲ့ရတဲ့ လူဦးရေ ထက်ဝက်ဟာ ကမ္ဘာပေါ်မှာ လူသားချင်းစာနာမှု အဆိုးရွားဆုံး အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ စက်တင်ဘာလအထိ လူပေါင်း ၁၂ သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ သိရပါတယ်။ 

ဆူဒန် အသွင်ကူးပြောင်းရေး အစိုးရက ပဋိပက္ခတွင် နိုင်ငံခြားမှ ဝင်ရောက်စွက်ဖက်နေတယ် လို့  စွပ်စွဲထားပါတယ်။ သြဂုတ်လတုန်းကလည်း ဆူဒန်လေတပ်က ကိုလံဘီယာစစ်သွေးကြွများ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ လေယာဉ်တစ်စင်းက ဒါဖာမြို့ရှိ RSF ထိန်းချုပ်ထားသော လေဆိပ်သို့ ဆင်းသက်ခဲ့တာကို သွားရောက်နှိမ်နင်းရာမှာ လေယာဉ်ပေါ်ပါ လူ ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စု အာဏာပိုင်များက RSF နှင့် ၎င်း၏ မဟာမိတ်များကို ငွေကြေးထောက်ပံ့နေတယ်လို့လည်း စွပ်စွဲထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)