မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲအတွက် မဲ ဆန္ဒရှင်စာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ နေ့နံနက်မှစ၍ ရပ်ကွက် (၁၉)ခုရှိ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကပ်ထားကြေညာထားလျက် ရှိသည်။
အဆိုပါ မဲစာရင်းများကပ်ထားကြေညာမှုကို မြောက်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လောဟာ နှင့် အဖွဲ့၀င်များ ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက မဲရုံအလိုက် လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်နှင့် မိမိအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ရေး လျှောက်ထားလို ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက် (၁၉) ရပ်ကွက်ရှိ မဲရုံ (၁၄၀) ရုံရှိကြောင်းနှင့် မဲစာရင်းများကို ၃၀-၉-၂၀၂၅ ရက်နေ့မှ ၁၃- ၁၀-၂၀၂၅ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူစုစုပေါင်း (၁၇၈၀၉၂) ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment