မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေး

 




မင့်စ်၊ အောက်တိုဘာ ၅

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (၁) မစ္စတာ ဆာဂေး လူကာရှယ်ဗစ်ချ်တို့ ဦးဆောင်၍ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၃-၁၀-၂၀၂၅ ရက်၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်နေမှု၊  နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစား၊ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ ပြည်ဝင်ခွင့်  ဗီဇာအပြန်အလှန် ကင်းလွတ်ခွင့် ၊ ခရီးသွားလာရေး စသည့်ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အာဆီယံ၊ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၊ BRICS အဖွဲ့တို့နှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများနှင့် ယင်းအဖွဲ့ များအတွင်း ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များတွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီး ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (၁) မစ္စတာ ဆာဂေး လူကာရှယ်ဗစ်ချ်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)