ပဲခူးမြို့၌ သဘာဝငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့၌ သဘာဝငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

 





ပဲခူး၊ အောက်တိုဘာ ၂၅

 ပဲခူးမြို့၊ ရန်ကင်းသာပန်းခြံအနီးရှိ ဟံသာဝတီရှေးဟောင်းကျုံး သဘာဝရေပြင်အတွင်းသို့ တိုင်းရင်းငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားအား အောက်တိုဘာလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။

 ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဟံသာဝတီ ရှေးဟောင်းကျုံး သဘာဝရေပြင်အတွင်းသို့ တိုင်းရင်းငါးမျိုး စတင်စိုက်ထည့်ပေးခဲ့သည်။ ၎င်းနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တိုင်းရင်းငါးမျိုးများ စုပေါင်းညီညာစွာ စိုက်ထည့်ပေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဟံသာဝတီရှေးဟောင်းကျုံး ရေပြင်အတွင်းသို့ ငါးခုံးမအကြီး၊ ငါးမြစ်ချင်း၊ ငါးပြေမ၊ ငါးခူ၊ ငါးကျည်းနှင့် ငါးဖမ်းမ စုစုပေါင်းကောင်ရေ(၃)သိန်းအား စိုက်ထည့် ပေးခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းငါးမျိုးများ ပြုန်းတီးမှုမရှိစေရေး၊ သဘာဝနည်းလမ်းအတိုင်း ရှင်သန်ပေါက်ဖွား နိုင်စေရေး၊ ရေနေသတ္တဝါများ၏ ဇီဝစနစ် ပြန်လည်ရှင်သန်စေနိုင်ခြင်းနှင့် ရှေးဟောင်းကျုံး ရေရှည်တည်တံ့စေရေး စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)