အစ္စရေး က ဂါဇာမှာ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ပြီး ဆက်လုပ်နေတုန်းပါပဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေး က ဂါဇာမှာ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ပြီး ဆက်လုပ်နေတုန်းပါပဲ


အောက်တိုဘာ - ၂၀ ( တနင်္လာနေ့ ) 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဂါဇာကမ်းမြှောင်ဒေသ တစ်ခုလုံးနီးပါးကို ကြီးမားသောတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေတုန်းပါပဲ။ အကြောင်းပြချက်ကတော့ ဟားမတ်စ်တွေက အပစ်အခတ်ရပ်စဲရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေလို့ ဖြစ်တယ်လို့ ပြောပါတယ်။ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ဟားမက်စ်တွေကတော့ အစ္စရေးရဲ့ စွပ်စွဲချက်များကို ငြင်းဆိုထားပြီး အပစ်အခတ်ရပ်စဲရေးကို မချိုးဖောက်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

ဂါဇာတဝှမ်းရှိ ဟားမတ်စ်အကြမ်းဖက်သမားတွေရဲ့ပစ်မှတ် ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့ကြောင်း IDF မှ ပြောကြားခဲ့ပြီး၊ လက်နက်သိုလှောင်ရုံများ၊ ပစ်ခတ်ရန်နေရာများ၊ အကြမ်းဖက်ဆဲလ်များ နဲ့ နောက်ထပ် ဟားမတ်စ်အကြမ်းဖက်မှုဆိုင်ရာ အခြေခံအဆောက်အဦများ အပါအဝင်၊ ဂါဇာတောင်ပိုင်း ရာဖာမြို့ တွင် လှုပ်ရှားနေသော အစ္စရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုတစ်ခုကြောင့် ယခုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း IDF က အသေးစိတ်ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ဂါဇာမှာရှိတဲ့ ဟားမက်စ်တွေ ဖောက်ထားတဲ့ ၆ ကိလိုမီတာလောက်ရှည်တဲ့ ဥမင်လမ်းကြောင်း တစ်ခုကို လေကြောင်းကနေ ဗုံး အလုံး ၁၂၀ သုံးပြီးဖြိုချနိုင်ခဲ့တာဖြစ်လို့ ဟားမက်စ်တွေရဲ့ လက်နက်တိုက်တွေလည်း ပါသွားတယ် လို့ထုတ်ပြန်ပါတယ်။ မနေ့ကတိုက်ခိုက်မှု ပြီးပြီးချင်းမှာပဲ အစ္စရေးအစိုးရက ၎င်းတို့အနေနဲ့ ဟားမက်စ်တွေနဲ့ အပစ်ရပ်သဘောတူညီချက်ကို သက်တမ်းတိုးဖို့အတွက် လမ်းဖွင့်ထားပါတယ် ဆိုပြီးကြေညာခဲ့ပါတယ်။ အကြောင်းကတော့ နိုင်ငံတကာမီဒီယာတွေက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို အကျယ်တဝင့်ဖော်ပြလာကြလို့ပဲ ဖြစ်ပါတယ်။ မီဒီယာတွေရဲ့ သတင်းဖော်ပြမှုကြောင့် အမေရိကန်အစိုးရက အစ္စရေး အစိုးရကို ဖိအားပေးခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)