နေပြည်တော်၊ အောက်တိုဘာ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ-လာအို ချစ်ကြည် ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းက ဆောင်ရွက်နေသည့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံမီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရေး၊ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာများ မျှဝေဖလှယ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ttps://t.me/MyanmarNationalPost

No comments:
Post a Comment