ဇလွန်မြို့နယ်တွင် ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများ ကြေညာထားရှိမှုအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့နယ်တွင် ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများ ကြေညာထားရှိမှုအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး





ဇလွန်၊ အောက်တိုဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ကြေညာထားရှိမှုအား တာဝန်ရှိသူများက အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီတွင် မြို့ပေါ်ရပ်ကွက်များတွင် ကြည့်ရူစစ်ဆေးခဲ့ကြသည်။

ဇလွန်မြို့နယ်တွင်၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့တွင်ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများ ကြေညာထားရှိမှုကို မြို့နယ်မှ တာဝန်ရှိသူများက ကြည်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများအလိုက် မဲစာရင်းများကြေညာထားမှုနှင့် ပြည်သူများစိတ်ပါဝင်စားစွာ ကြည်ရှုနေမှုကို ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်လင်းနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများက လှည့်လည် ကြည့်ရှုခဲ့ပြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ အနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်နှင့် မိမိအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ရေး လျှောက်ထားရန်တို့အား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ မဲစာရင်းကို အများပြည်သူများ သိရှိနိုင်ရန် စက်တင်ဘာလ ၃၀ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ကြေညာထားရှိမည်ဖြစ်ကြောင်းသိရသည်။


ဝေယံ (ဇလွန်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)