ယူကရိန်းဘက်ကတော့ မြေမပေးနိုင်ဘူးဆိုတဲ့ ငြိမ်းချမ်းရေး အစီအစဉ်တွေကိုရေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းဘက်ကတော့ မြေမပေးနိုင်ဘူးဆိုတဲ့ ငြိမ်းချမ်းရေး အစီအစဉ်တွေကိုရေး


အောက်တိုဘာ ၂၂ ( ဗုဒ္ဓဟူးနေ့ ) 

ယူကရိန်း နဲ့ ၎င်း၏ဥရောပ ကျောထောက်နောက်ခံများက ရုရှားအား နယ်မြေပိုင်နက်ဆိုင်ရာ လိုက်လျောမှုများကို ပယ်ချမဲ့ အချက် ၁၂ ချက်ပါတဲ့ ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ်ကို အပြီးသတ် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဘလွန်းဘာဂ် စီးပွားရေး မဂ္ဂဇင်းမှာ မနေ့က ဖော်ပြခဲ့ပါတယ်။ 

အဲ့ဒိ အဆိုပြုချက်ထဲမှာ ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှုကို ကြီးကြပ်ရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဦးဆောင်တဲ့  “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ကို တည်ထောင်မယ်လို့ သိရပါတယ်။ ဥရောပတာဝန်ရှိသူများက ထရမ့်အား  လမ်းပြမြေပုံတင်ပြရန် ယခုသီတင်းပတ်အတွင်း အမေရိကန်သို့ သွားရောက်နိုင်လိမ့်မယ်လို့လည်း မဂ္ဂဇင်းက ဆိုပါတယ်။ 

ယူကရိန်းဘက်က ပြင်ဆင်နေတဲ့ အစီအစဉ်မှာ လက်ရှိ ရှေ့တန်းတလျှောက် အပစ်အခတ်ရပ်စဲရေး၊ အကျဉ်းသားလဲလှယ်ရေးအပြင် “လုံခြုံရေးအာမခံချက်များ” နဲ့ ယူကရိန်းနိုင်ငံကို အီးယူအဖွဲ့ဝင်အဖြစ် အမြန်လက်ခံပေးရေး တို့ ပါဝင်ပါတယ်။ ရုရှားနှင့် ယူကရိန်းတို့က “သိမ်းပိုက်ထားသော နယ်မြေများ၏ အုပ်ချုပ်မှု” ကို သီးခြား ညှိနှိုင်းကြမည်ဖြစ်ပေမဲ့ ယူကရိန်း နဲ့ ၎င်း၏ဥရောပ ကျောထောက်နောက်ခံများကမူ ရုရှားရဲ့ နယ်နိမိတ်အသစ်ကို အသိအမှတ်မပြုကြောင်း ပါရှိပါတယ်။ 

ရုရှားက ၎င်းရဲ့နယ်နိမိတ်အသစ်များကို ထာဝရငြိမ်းချမ်းရေးအတွက် အရေးကြီးသော အခြေအနေများထဲမှ တစ်ခုအဖြစ် အသိအမှတ်ပြုကြောင်း ဖော်ပြခဲ့ပါတယ်။ မော်စကိုကလည်း ၎င်းထိန်းချုပ်ထားသော ရုရှားပိုင်နက်ဒေသများမှ ယူကရိန်းတပ်များကို ရုပ်သိမ်းရန်၊ စစ်သားစုဆောင်းခြင်းကို ရပ်တန့်ရန် နဲ့ ပြည်ပမှ စစ်ရေးအကူအညီများ ရယူခြင်းကို ရပ်တန့် ရမယ်လို့ တောင်းဆိုထားတာရှိပါတယ်။ 

သောကြာနေ့က ဇီလန်စကီးနဲ့ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံစဉ်က ထရမ့်က ဇီလန်စကီးကို ရုရှားသိမ်းထားတဲ့ နယ်မြေတွေကို လက်လွှတ်လိုက်ဖို့အတွက် တောင်းဆိုခဲ့ပေမဲ့ ဇီလန်စကီးက လက်မခံခဲ့ပါဘူး။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)